Wednesday, June 6, 2012

“ကြယ်ကြွေလမ်းမှ အလွမ်းကောက်သူ”



 အိပ်မက်ရိုင်းတွေ 
သောင်းသောင်းဖျဖျ ပွင့်ဝေတဲ့ညက
ငါ့မျက်ဝန်းကမ်းပါးမှာ
ကြယ်တွေရေသောက်ဆင်းကြတယ်
အဲဒီညက
ချိုမြမြအဆိပ်တွေဖြာကျတဲ့
ဓါးသွားတပ်နှုတ်ခမ်းပါးတစ်စုံရဲ့ဂီတမှာ
အငြိငြိအယှက်ယှက်နဲ့ခုန်က
တစ်ဘ၀စာ ပြာကျခဲ့တာကိုး.....
အဲဒီညမှာ
တလောကလုံး လင်းဝေမြနေတာပဲ
ဘာလို့ ငါ့တစ်ယောက်တည်း
မှိုင်းညှို့စေတာလဲ
ငါမသိဘဲ ငါကိုယ်တိုင်ကခဲ့တဲ့
ဇာတ်ထုပ်မှာ
ငါမရေးပဲ ငါ့သွေးနဲ့ဖွဲ့တဲ့
တေးတစ်ပုဒ်အတွက်
အဘယ်နတ်ဘုရားထံတိုင်တည်ရမလဲ
ဘယ်ပယောဂမှ မပါ,ပါဘူးလေ
စူးတတ်တဲ့ဆူးကို
စူးမှာသိရက်နဲ့
ခူးခဲ့တဲ့ ငါကပဲရူးတာပါ.....
ထားလိုက်ပါမေ
နင်ခြွေခဲ့တဲ့မြေမှာ (တစ်ဖ၀ါးမရွှေ့)
အလွမ်းနဲ့ငါနေမယ်
နင့်စန်းတွေ ရာသီကုန်မှ
ငါ့ဆီလျှောက်ခဲ့ပါ
အတူတူ အလွမ်းကောက်ထွက်ကြတာပေါ့.....။

♥ မိုးဇက်ဒီမွန်း ♥

3 comments:

  1. အလွမ်းနဲ့ငါနေမယ်
    နင့်စန်းတွေ ရာသီကုန်မှ
    ငါ့ဆီလျှောက်ခဲ့ပါ
    အတူတူ အလွမ်းကောက်ထွက်ကြတာပေါ့----
    ကဗျာလေးကလန်းနေတာပဲ

    ReplyDelete
  2. You now become one of my favorite poets :D :D
    Love it!!!

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။