မိုးငှက်ငယ်
ဟိုး....အမြင့်က
ကောင်းကင်ထက်ဆီ
နင် ပျံသန်းနေတယ်...
အတောင်တွေ
ရွက်ကုန်ဖွင့်လို့
အနီရင့်ရင့်
စိတ်နဲ့ ပျံသန်းနေတယ်....
ကြယ်ခူးမယ့်
အိပ်မက်ရယ်
စိမ်းခက်ခက်နှလုံးသားနဲ့
နင် ကိုယ်တိုင်ဖျော်စပ်ခဲ့တဲ့
အထီးကျန်အငွေ့အသက်ရယ်
နင့် အိတ်ကပ်ထဲမှာ
ပါနေတယ်....
ဘယ်ညာကို
ခ၀ါချ
ရှေ့တူရှုသာ
ပဓါနထားခဲ့တဲ့ နင်
ဘေးဘက်က တွဲလက်တွေဖြုတ်လို့
တစ်ကိုယ်တည်း
အဖော်မဲ့ခဲ့တယ်နော်...
ပျံသန်းပါ
ငှက်ငယ်ရေ
စက်ဝိုင်းပြတ်လေးလို
ခုံးခုံးလေးနဲ့
သက်တံ့တွေစီရီထားတဲ့
မိုးကုပ်စက်ဝိုင်းထိ
ပျံသန်းပါ....
အတောင်ညောင်းလို့
အားကုန်တဲ့အခါ
နင်ပြန်ခဲ့ပါ...
ဒီကမ္ဘာမြေ
ကုန်းမို့မို့မှာ
ငါ့သစ်ပင်လေးရှိတယ်...
နင် ကွန်းခိုဖို့
အကိုင်းအလက်တွေဆန့်တန်းလို့
ငါ့ရင်ကြီးဖွင့်ထားတယ်
အဲဒီမှာ...အသိုက်တည်လှည့်ပါ
ငှက်ငယ်
တစ်သက်လုံးအတွက်ပေါ့.....
။ ။
♥ မိုးဇက်ဒီမွန်း
♥
ဒီကဗျာလေး အရမ်း အရမ်းကြိုက်တယ်...
ReplyDeleteဆိုလိုရင်းတွေ အများကြီးကို တင်စားထားတာလေးတွေ သဘောကျတယ်..