Thursday, May 10, 2012

လွမ်းရင်းသေတဲ့ “နွေ”


လွမ်းရင်းသေတဲ့ “နွေ”

ဝသန္တရဲ့ မွေးဖွားခြင်းမှာ
ဖလက်ရှ်မီးတွေပြက်လို့
မိုးစက်တို့ ကြွေကာကျတယ်
အဖြူရောင်ထီးနဲ့ သာယာဖူးတဲ့
မိုးနေ့တွေ…ငါလည်း သတိရတယ်
နင်လည်း အမှတ်ရလိမ့်မယ်…
ချစ်သူရေ
လက်တွဲကာ လျှောက်ခဲ့ဖူးတဲ့
ရွက်ကြွေတွေ တဝေေ၀နဲ့
ငါတို့ရဲ့ နွေဦးညနေ
ဘ၀မိတ်ဆုံစားပွဲမှာ
အလွမ်းတွေသာ ချကျွေးခဲ့တဲ့နွေ
ငါတို့အန်ထွေးတဲ့ အနွမ်းတွေ
တနင့်တပိုးထမ်းလို့
အလွမ်းဆင့် တိုးသွားတဲ့နွေ
မုတ်သုံရဲ့ ထစ်ချုန်းမှုအောက်မှာ
ပျက်သုဉ်းသွားတော့မယ်…
ဟိုမှာ…မိုးစက်တို့ခြွေလာပြီ
နှုတ်ဆက်တေးတစ်ပုဒ်
လျှပ်စီးနဲ့ဖွဲ့သီလို့
ကဲ…ပို့လိုက်ကြရအောင်
လွမ်းရင်းသေမယ့် နွေခင်းရဲ့ဈာပနကို…။     

♥ မိုးဇက်ဒီမွန်း ♥

2 comments:

  1. တင်လိုက်တဲ့ ကဗျာတိုင်းအတွက် .......... အမြဲအားပေးနေမယ်နော်

    ReplyDelete
  2. နွေက လွမ်းရင်း သေသွားတယ်လား သနားပါတယ် :(
    ကဗျာရေးကောင်းတယ်နော် အားပေးနေမယ်

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။