Saturday, February 25, 2012

“ဥသြလေး”


“ဥသြလေး”


ပင်ယံထိပ်ဖျားမှာ
အဖော်မပါတစ်ကောင်တည်းနား
တစ်ကိုယ်တော်ဆိုရေးတဲ့
နွေကြိုချိုတေးကို
သီကြွေးနေတဲ့ ငါ့အနား
နင်လေ အတောင်တဖျတ်ဖျတ်
လှလှပပခတ်ပြီး ရောက်လာခဲ့တယ်နော်
သံသာသာလေးနဲ့ နှုတ်ခွန်းဆက်တေးလည်း
ဆိုညည်းလိုက်သေး……
နောက်တော့……ငှက်ကလေး
ငါရေးတဲ့တေးတွေ နင်ယူခဲ့တယ်
ရင်ဘတ်ထဲ သိမ်းထားမလို့တဲ့……
နင်ရေးတဲ့တေးတွေ ငါ့ကို ဆိုညည်းစေခဲ့တယ်
ရင်ဘတ်ကြီးနဲ့ နားဆင်ဖို့တဲ့…
ယိုဖိတ်လျှံကျနေတဲ့ ချစ်စိတ်တွေနဲ့
ရင်ဘတ်ကြီး ကွဲရင်ကွဲပါစေ
တလောကလုံး ကြားအောင် ငါဆိုညည်းခဲ့တယ်……

 
ခုတော့…ငှက်ကလေးရယ်
နင်ရေးတဲ့တေးတွေ နင်ယူပြီး
အတောင်တဖျတ်ဖျတ် လှလှပပခတ်လို့
ငါ့အဝေးကို ထွက်သွားပြီနော်…
ဒါပေမယ့်…ငါလေ
ပင်ယံထိပ်ဖျားမှာ
အဖော်မပါတစ်ကောင်တည်းနား
နင်ရေးတဲ့ နွေကြိုချိုတေးကို
ရင်ဘတ်ကြီးကွဲရင်ကွဲပါစေ
လွမ်းလွမ်းလေး ဆိုနေဦးမှာ
ဟိုး………စကြာဝဠာဆုံးတိုင်ပေါ့……။

♥ မိုးဇက်ဒီမွန်း ♥

No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။