Saturday, February 25, 2012

နှလုံးသားတည့်တည့်ဆီမှာ ရွာတဲ့“မိုး”

နှလုံးသားတည့်တည့်ဆီမှာ ရွာတဲ့ “မိုး”

♥♥♥♥♥♥♥♥♥♥

ချစ်သူရေ….

အလင်းတွေကကြိုးဆင်တဲ့
ရောင်နီမနက်ခင်းမှာ
မင်းအတွက်ရေးတဲ့ “ကဗျာတစ်ပုဒ်”
စာရွက်ပေါ်ဖြာကျခဲ့တယ်….
ငါ့ရင်ဘယ်ယွန်းယွန်းမှာပွင့်တဲ့
ရနံ့သင်းသင်းကို တစ်ပွင့်စီသီလို့
မင်းကေသာ မွှေးမြမြမှာ
လှလှလေး ပန်ပေးချင်တယ်
သစ္စာဆက်ထုံးနဲ့ ခရေတစ်ကုံးလို
တစ်သက်လုံးအတွက်ပေါ့….
ချစ်သူရေ….
ငါတို့ရဲ့ ရှေ့မှာ ဘ၀ခရီးကြမ်းနဲ့
အချစ်ခရီးလမ်းလေးရှိတယ်
ရင်ဆိုင်ကာ အတူသွားဖို့
ခွန်အားတွေလိုတယ်လေ….
ချစ်သူရေ….
ငါတို့ဧဒင်မှာပျိုးတဲ့ အချစ်ရဲ့သစ်ပင်
မျှော်လင့်ခြင်းနဲ့စိမ်းလန်းဖို့
မင်းရဲ့အချစ်မိုးတွေ
နှလုံးသားတည့်တည့်ဆီမှာ
ရွာဖြိုးပါတော့လေ….။

♥ မိုးဇက်ဒီမွန်း ♥

No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။