Saturday, February 11, 2012

“နွေဦးညနေ”

“နွေဦးညနေ”

♥ ♥ ♥ ♥ ♥ ♥

17).jpgနှင်းပွင့်တို့ အတောင်မစုံသေးခင်
ဆောင်းညတွေအိပ်တန်းတက်ကုန်ပြီ
မနက်ခင်းတိုင်းပွင့်တဲ့
အလင်းတစ်ခက်ရဲ့သီချင်းက
တိုးရှရှနဲ့ မြမြလေးမွှေးနေတယ်
ကြွကြွလေးကြွေနေတဲ့ ရော်ရွက်မြေမှာ
လင်းပ၀င်းမြတဲ့နွေဦးနဲ့အတူ
ဖွဖွလေးနင်းလျှောက်ခဲ့ပါ ချစ်သူ…
ဥသြလေးရေ…
ငါသိပ်ချစ်တဲ့ ချစ်သူလေးအတွက်
တေးတစ်ပွင့်လောက် ဆိုညည်းပေးပါ
ငါ့နှလုံးသွေးနဲ့ရေးတဲ့ တေးပေါ့……
အို……အုံ့ဝေမှိုင်းပျတဲ့ အသင် ဟေမန္တ
မီးလင်းဖိုတွေနဲ့အတူ
ငါ့ရဲ့အလွမ်းတွေကို ယူငင်သွားပါ
နှင်းတွေဝေတိုင်းကြွေတဲ့ အလွမ်းပေါ့……
အေးစက်စက်မနက်ခင်းတွေနဲ့
ငါ့အတွက် အထီးကျန်ခြင်းတွေသာ
ဆောင်ကျဉ်းခဲ့တဲ့ “ဆောင်း”
ငါ့ကို နှုတ်ဆက် ထားရစ်ခဲ့ပါ……
ချစ်ခြင်းရဲ့နက္ခတ်တွေ လင်းတောက်နေတဲ့
ဟောဒီ “နွေဦး”က ချစ်သူ့ညနေခင်းဆီမှာပေါ့……။

မိုးဇက်ဒီမွန်း


No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။