ပြုံးသူရင်မှာ မိုးတွေနဲ့
မာယာရေ……
စိတ်ကူးထဲမှာတောင်
ကြယ်တစ်ခါမှမစုံတဲ့ ငါ့ကောင်းကင်ကြီးကို
ကြယ်တစ်ခင်း နင်ပဲ ပျိုးကြဲပေးခဲ့တာ……
ဟိုမှာလေ……
ရွှေရောင်တဖျတ်ဖျတ်နဲ့ သော်တာနတ်သမီးက
မဟူရာညဥ့်ဝတ်လွှာမှာ ထွန်းပရွှန်းမြလို့
ကြယ်ခင်းထဲ ပျော်မြူးနေလိုက်တာ……
မာယာရေ……
ပဉ္စလက်စည်းချက်နဲ့ ရင်တံတိုင်းကိုခြွေ
လေစီးသံမှာ ငိုညဉ်းရှိုက်သံတွေ
နင်ပဲလေ သီးကျူးစေခဲ့တာ……
တစ်ကယ်ပါ……
ပျော်နေသူ မမုန်းစေဖို့
ကပိုကရိုမျက်နှာဖုံးမှာ အပြုံးတချို့ တွဲခို
ငါ အမြဲချိတ်ဆွဲခဲ့တာ……
ဒါပေမယ့်……မာယာရေ……
တစ်ချက်လှည့်ကြည့်ခဲ့……
ဒီ “ပြုံးသူရင်မှာ မိုးတွေနဲ့” လေ……။
♥ မိုးဇက်ဒီမွန်း ♥
No comments:
Post a Comment
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။