“သူငယ်ချင်းသို့…..မှာတမ်း”
သူငယ်ချင်းရေ….
နင်ရယ်….ငါရယ်
မကြာခင်ဝေးရမယ်ဆိုတဲ့ အသိကြောင့်
ငွေ့ရည်ဖွဲ့တိမ်တိုက်တွေ
အစိုင်လိုက်အခဲလိုက်နဲ့
ငါ့ရင်ထဲ မှောင်မိုက်နေတယ်ဟာ….
အရင်ကဆို….
နေညိုညိုကော်ဖီချိန်လေးမှာ
နင်လာမယ့်လမ်း မသိစိတ်နဲ့
မျှော်လွမ်းလို့ရသေးတယ်…
အခုဆို…
နင်သွားမယ့်ခရီးက
ဘယ်အထိရယ် မသိ
အသိစိတ်နဲ့ပါ ကြိုလွမ်းတတ်လာပြီ…..
ဘ၀ရှေ့ရေးလို့ဆိုပြီး
နင်ပြေးတော့မယ်
ငါ့ရဲ့အဝေးကို….ဟိုးးးးးးအဝေးကို
မပိုင်သူ….မဆိုင်သူ ငါ့အတွက်
လက်ပိုက်ငေးနေယုံ မျက်နှာလွှဲ
အသဲတွေကွဲနေယုံပဲလေ…..
သူငယ်ချင်းရေ….
နင်သွားမယ့်လမ်းမှာ
ငါ့အတွက် သတိရခြင်းတွေ ယူသွားပါ
အလွမ်းတွေ သောင်ထွန်းတဲ့ကျွန်းမှာ
ကျန်ခဲ့တဲ့ “မိုးဇက်ဒီမွန်း”ကို
တစ်စက္ကန့်ဖြစ်ဖြစ် အမှတ်ရပေးပါ
နင်….၀မ်းနည်းရတဲ့အချိန်တိုင်းမှာပေါ့…..
ဘ၀အမောတွေ နွယ်ပတ်လို့
အနွမ်းဥတုရောက်ခဲ့ရင်
ကွန်းခိုရာကျွန်းလေးတစ်စင်း သတိရပါ
ငါ့ရင်တံခါး နင့်အတွက် ထာဝရဖွင့်ထားမှာပေါ့….
ခုတော့….သူငယ်ချင်းရေ…..
ငါ့ရင်ထဲ မိုးတွေသဲ
မြိုသိပ်တဲ့စကားလုံးတွေ
ထစ်ချုန်းနေတဲ့အကြောင်း
မြိုသိပ်တဲ့စကားလုံးတွေ
ထစ်ချုန်းနေတဲ့အကြောင်း
နင့်ကို သိစေချင်လိုက်တာ……….။ ။
မိုးဇက်ဒီမွန်း
No comments:
Post a Comment
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။