Monday, April 2, 2012

“လွမ်းရပြန်ပြီ.....”


အလွမ်းနဲ့နေသားကျနေတဲ့ ငါ့အတွက်
ထပ်လွမ်းရဖို့ဆိုတာ
ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်မှ မဟုတ်တာ ချစ်သူရာ.....
အချစ်က ငါ့အတွက် ပျော်စေသလို
အချစ်က ငါ့အတွက် ငိုစေတယ်
ရက်တွေ လက်ချိုးရေပြီး
ငါစိုက်ပျိုးထားတဲ့ မျှော်လင့်ခြင်းတွေ
ပွင့်ဖူးချိန် ရောက်လုနီးမှ
တစ်ညနေခင်းလေးအတွင်း
နင်ရယ်..... ရိုက်ချိုးသွားခဲ့တယ်
ပန်းပွင့်ချိန် ပြန်ဆုံခဲ့ရင်ဆိုတဲ့အတွေးနဲ့ 
နွေးထွေးခဲ့တွေနေ့တွေ ဝေးသွားပြန်ပြီ
အသိပေးခြင်းဆန်တဲ့ တောင်းဆိုမှုအတွက်
နားလည်မှုတွေသုံးလို့
ချိတ်ဆွဲလိုက်တဲ့ အပြုံးက
ယဲ့ယဲ့လေးနွမ်းနေတာ နင်သိပါစေ...
တော်ရာမှာနေပြီး နင်...ပျော်နေနိုင်ပါစေ ချစ်သူ.....
လွမ်းရင်းရီတတ်သူတစ်ယောက်
ပင်လယ်အုန်းပင်လေးအောက်မှာ
ငေးနေတတ်တယ်ဆိုတာ
သတိရရင် (တစ်ခါတစ်လေဖြစ်ဖြစ်ပေါ့)
ငါ ကျေနပ်မှာပါ.....
ချစ်သူ......ဆုံနိုင်ခွင့်လမ်းမှာ
မျှော်လင့်ခြင်းပန်းတွေ ထပ်ပွင့်ဖို့ကတော့
သက္ကရာဇ် ဘယ်နှစ်ရွက်လောက် ဆွဲဆုတ်ရဦးမလဲဆိုတာ.....


♥ မိုးဇက်ဒီမွန်း ♥

1 comment:

  1. အလွမ်းနဲ့နေသားကျနေတဲ့ ငါ့အတွက်
    ထပ်လွမ်းရဖို့ဆိုတာ
    ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်မှ မဟုတ်တာ ချစ်သူရာ...ကဗျာလေးကိုကြိုက်ပါတယ်

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။