Sunday, July 1, 2012

“အတောင်ကြွေငှက်”



“အတောင်ကြွေငှက်”


…. …. ….
အတောင်ဖွင့်စဘဝ
ဂျစ်ပစီတို့ရဲ့ လမ်းမမှာ
တေလေတို့ရဲ့ ကျင့်ဝတ်နဲ့
နှောင်ကြိုးမဲ့တိမ်လို မျှောလွင့်
ငါဟာ ဂျစ်ပစီငှက်တစ်ကောင် ဖြစ်တယ်
ကာလာစုံ ထိန်ဝင်းတဲ့ကောင်းကင်မှာ
အတိုင်းအဆမဲ့ လွင့်ခဲ့တုန်းက
အိပ်မက်လေးတော့ လှသား
မာယာများတဲ့ လောကမှာ
ချိုးမြမြအပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်
အဲဒီမှာမှ….ငါ အဆိပ်သင့်သွားတာ
မျက်နှာဖုံးတစ်ဖက် အဆိပ်တစ်ခွက်နဲ့
ဝံပုလွေတစ်ကောင်
ငါ့နောက်ကျောကို ဓါးနဲ့ထိုးလို့
ငါ့အိပ်မက်တွေ တဖြုတ်ဖြုတ် ကြွေကျ
ဘ၀ပါ မြေခသွားတယ်…
အတောင်တွေ နာနေပြီ
တိမ်ခြေရာမထင်တဲ့ ကောင်းကင်မှာ
ငါ့သမိုင်းကို ထုဆစ်ဖို့
အိပ်မက်နဲ့ချုပ်ထားတဲ့ အတောင်တွေ နာနေပြီ….
ငါ့ အတောင်တွေ နာနေပြီ
ငါ့ အတောင်တွေ နာနေပြီ….
ငါ့ အတောင်တွေ နာနေပြီ…
ငါ့ အတောင်တွေ နာနေပြီ… 
ငါ့ အတောင်တွေ နာနေပြီ………
…………… …………… ……………
အညတရကဗျာတစ်ပုဒ်ရဲ့ နေ၀င်ချိန်
တေလေငှက်တစ်ကောင်
သင့်ရင်ခွင်မှာ ကျောခင်းဖို့လာပြီ
ကမ္ဘာမြေကြီးရေ…..ရင်ဖွင့်လို့ကြိုပါတော့……။       

♥ မိုးဇက်ဒီမွန်း ♥