Wednesday, December 28, 2011

“သူငယ်ချင်းသို့…..မပြောမယ့်စကား” (ရင်နှင့်ရင်း၍ရေးသော ကဗျာ)

“သူငယ်ချင်းသို့…..မပြောမယ့်စကား”

သူငယ်ချင်းရေ….
ပုဇွန်ဆီရောင်တောက်တဲ့ ညနေတိုင်းဟာ
ငါ့အတွက် လွမ်းစရာအချိန်လေး
ဖြစ်နေခဲ့တာကြာပြီလေ
ဒါကို…နင်မသိလေရော့သလား…..
ညနေတိုင်း…နင်ကိုယ်တိုင်ဖျော်ထားတဲ့…
ငါသိပ်ကြိုက်တဲ့ “ကော်ဖီ”
မသောက်ရတော့တာကြာပေါ့…..
နင်….ကောင်လေးတွေနဲ့….
အွန်လိုင်းပေါ်ကြူတိုင်း
နင်….ကောင်လေးတွေနဲ့
တယ်လီဖုန်းတွေပြောတိုင်း
ငါ…သ၀န်တိုနေခဲ့တာ
နင်..မသိလေရော့သလား…..
အိပ်ရာဝင်တိုင်းတွေးမိတဲ့
နင့်အကြာင်းက တနံတလျား
ထွေပြားလွန်းလို့ အားလုံးမေ့
အိပ်ပျော်သွားအောင်
နင်မကြိုက်တဲ့ “အရက်”လည်း
တရှိုက်မက်မက် ငါသောက်မိခဲ့တယ်လေ…..

ငါ့အချစ်က ၂၀၂၈
သူငယ်ချင်းကကူးပြောင်းတဲ့အချစ်
ဖြူစင်ခြင်းတစ်ဝက် ခိုင်မာခြင်းနဲ့
ရင်မှာသိုဝှက် ရယူခြင်းမဖက်
ပေးဆပ်ခြင်းသက်သက်လေ…….
ငါပြောတဲ့စကားကြမ်း
ရမ်းရင်လည်းနင်ခွင့်လွှတ်
ဒါ…..နင့်အတွက် စေတနာဒေါသောတွေဆိုတာ
သဘောပေါက်ခဲ့ရင်ပေါ့……….
သူငယ်ချင်းရေ……
ပညတ်ချက်တခု ငါ…တွန်းလှန်ချင်ပါရဲ့………
“သူငယ်ချင်းကို ရည်းစားမလုပ်ရ” ဆိုတဲ့
ဥပဒေသလေ………
ဒါပေမယ့်…..
ငါလျှောက်ရမယ့် ဘဝ
သုညက “ စ ”ရမှာမို့
တွန်းလှန်မယ့်အလုပ် မြေမြှုပ်ပစ်လိုက်ပြီ…..

သူငယ်ချင်းရေ……
ငါ…နင့်ကို သိပ်ချစ်နေတဲ့အကြောင်း
ငါ…ဘယ်တော့မှ မပြောတော့ဘူး………...။

မိုးဇက်ဒီမွန်း

1 comment:

  1. မိုးဇက်ဒီမွန်းJanuary 16, 2012 at 3:20 AM

    ခုတော့ ပြောပြီးလို့ ချစ်သူဘ၀ရောက်ခဲ့ရပြီ....

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။