Monday, December 26, 2011

ရင်လွမ်းသူ


ရင်လွမ်းသူ

ကောင်မလေး……
ငါ့…ရင်…လွမ်းနေတယ်……
အမုန်းငှက်က အချစ်ယောင်ဆောင်လို့
ရင်ကိုခွဲ အသည်းကို ထိုးသုတ်သွားတယ်……

အတိတ်စိမ်းတောမှာ
ဆောင်းတိမ်တွေ အုံ့အုံ့ဆိုင်းဆိုင်း
ငါ့ တစ်ကိုယ်လုံး
နှင်းခါးရွာတယ်……

လမ်းတစ်စင်းမှာ အကြိမ်ကြိမ်ချနင်း
တစ်ရာသီလုံး နွေနေပူတယ်……
ကြယ်တစ်ခင်းမှာ အခါခါ တိမ်ဖုံး
ရင်တစ်ခြမ်းလုံး မိုးသည်းတယ်……
သက္ကရာဇ်တွေ ထိပ်ပေါက်ခေါင်းကွဲ
စာရွက်တိုင်းမှာ အလွမ်းရှိတယ်……
အနီရောင် နှလုံးတစ်ခန်း
ခပ်မျှင်မျှင် ကြိုးတန်း(ရစ်ပတ်လို့)
ကောင်မလေး…
ငါ့…ရင်…လွမ်းနေတယ်……

မိုးဇက်ဒီမွန်း

No comments:

Post a Comment

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။