ငါ့အတွက်ဆို အမုန်းတွေ
တယုတယပျိုးထောင်ထားတဲ့
အစိမ်းရင့်ရောင်နတ်သမီးလေး
ဟောဒီကောင်ရှေ့ရောက်ရင်
နင့်မျက်ဝန်းတွေမှာတောင်
စိမ်းငွေ့တဝေေ၀နဲ့…
ငါ့ဘက်က မြတ်နိုးခြင်းတရား
လက်ကိုင်ထားပေမယ့်
ရောင်ပြန်ဟပ်တဲ့ အမုန်းက
ဓါးတစ်စင်းလို တတိတိခုတ်ထစ်လို့
ငါထုဆစ်ချင်တဲ့ ချစ်ခြင်းနဲ့ဘဝ
တစစ မျှော်လင့်ခြင်းပါးလျလာပြီ…
ငါတို့ဆုံတွေ့ခြင်းက
နင့်အတွက် ခလုတ်တိုက်မိယုံတဲ့လား
ငါ့အတွက်တော့ ရင်တစ်ခြမ်းလုံးပဲ့သွားရတာပါ…
နင် ရွာချခဲ့တာက အမုန်းတွေပါပဲ
ငါ့ရင်မှာက သုံးရာသီအလွမ်းတွေ
ပန်းလို ပွင့်ခဲ့တာပါ
စိမ်းသူရေ…
နင့်ဖက်က ကောင်းကင်ဆန်မှတော့
ငါလည်း မြေကြီးလိုကျင့်ကြံရမှာပေါ့
မုန်းခြင်းရဲ့အဆုံးက ချစ်ခြင်းဆီရောက်ဖို့
ငါ့ရင်ငွေ့နဲ့ဖွဲ့တဲ့ တိမ်တိုက်တွေ
မျှော်လင့်ခြင်းအသစ်တွေစီးလို့
ဟိုးမှာ…လွှင့်လာနေပြီ
စိမ်းရောင်ခြယ်လမ်းမှာ
ပန်းနုရောင်အနမ်းတွေ
အခမ်းအနားဆုံး ပွင့်စေဖို့ပေါ့……။ ။
♥ မိုးဇက်ဒီမွန်း ♥
ကဗျာလေး အရမ်းကြိုက်တယ် :D
ReplyDeleteမိုးနတ်လဲ အရမ်းကြိုက်တယ်ကွယ်....
ReplyDeleteကဗျာလေး အရမ်းကောင်းတယ်....ခံစားသွားတယ်နော်
မိုးဇက်ရဲ့ အစိမ်းရင့်ရောင်နတ်သမီးလေးက ဘယ်သူလဲဟင်...?
ခင်မင်နေတဲ့..မိုးနတ်