အလျှံတဝေေ၀နဲ့ နွေကန္တာလယ်ကြီးမှာ
ဝါဖန့်ဖန့် မြက်ရိုင်းတောထဲ
တွင်းတူးပြီး ဘ၀ကို မြှုပ်နှံလိုက်တယ်....
နွေ....နွေ....ခေါင်နိုင်လွန်းရဲ့
ခေါင်နိုင်တုန်းပူထားဦးပေါ့....
ဟိုမှာ....နွေနှောင်းတိမ်တစ်အုပ်
ရင်ဘတ်ထဲထုပ်သိမ်းလာတဲ့
မိုးဦးကို ငါ့ဆီသွန်ချတယ်
မိုးမှုန်တွေ ဖွဲခနဲလွင့်ဝဲဖြာကျ
မုတ်သုံရဲ့ စည်းချက်မဲ့တေးသွားမှာ
အအေးဓါတ်ကအသွေးထဲထိစိမ့်တယ်....
ရွာ....ရွာထားဦးပေါ့....(ဆရာတွေပြောသလို)
မုန်တိုင်းမှာလည်းအောက်ဆီဂျင်ပါပါတယ်....
ဟော.....ကြည့်စမ်း...
ငါ့နံဘေးက မြက်ရိုင်းတွေ
သလ္လာဖြူရောင် အစက်တွေနဲ့
ခိုက်ခိုက်တုန်နေပါပကောလား....
ဖြူရော်ညို့မှိုင်းမှိုင်းနဲ့ အငွေ့ရိုင်းတွေ
ဝန်းကျင်တစ်ခိုမှာ ပိန်းပိတ်အောင်ပြိုလို့
ဒါ....ဆောင်းတဲ့လား....
အေးပါ....အေးပါ....အရိုးကွဲအောင် အေးပါ
ရင်ကိုခွဲ....သင်တို့မျက်ရည် နှင်းကို
ငါသောက်သုံးပစ်မယ်....
... .... ..... ...... ....... ........ .........
ငုံ့ကြည့်တော့ ကောင်းကင်ကြီး
ဆယ်စုနှစ်ကိုတစ်ရက်စွန်းခဲ့ပြီ
သင်ပေးတဲ့ ကောင်းမွေ ဆိုးမွေတွေနဲ့
ငါ့လက်တွေ ဆန့်တန်းနိုင်ခဲ့ပြီ
ငါ့မိခင်မြေကြီးကို ငါ့ကျောနဲ့ကာမိုးနိုင်ပြီ
သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ မြက်ရိုင်းတွေ
ငါ့ခြေရင်းမှာ ၀ပ်စင်းနေတာလည်း ကြာပြီ
အရိပ်ခိုသူတွေ....မိုးခိုသူတွေ....
ဆောင်းခိုငှက်တွေနဲ့
ငါ့ရင်ခွင်မှာသိုက်မြိုက်လို့....
ပူလိုက်စမ်းပါ....နွေ
ရွာလိုက်စမ်းပါ....မိုး
အေးလိုက်စမ်းပါ....ဆောင်း
ပီတိတွေကာမိုးထားတဲ့ ရင်နဲ့
ပြုံးပြုံးကြီးဆီးခံလိုက်ဦးမယ်
ငါ့....အသက်တစ်ဆုံး.................။
♥ မိုးဇက်ဒီမွန်း ♥
Sunday, August 12, 2012
သူရဲကောင်းသစ်ပင်
Labels:
ကဗျာ
Saturday, August 4, 2012
“လွမ်းကြိုးရှိုက်သံ”
ကောင်မလေး…
ငါအရမ်းလွမ်းနေတာ သိလား
ငါ့ရင်ဘတ်နားကပ် နားထောင်ကြည့်ရင်
သဲ့သဲ့လေးကြားရလိမ့်မယ်
အဲဒါ…လွမ်းကြိုးရှိုက်သံလေ
ညညဆို နင့်အတွက် ဖွဲ့နွဲ့ဖူးတဲ့ကဗျာတွေ
တစ်ခါပြန်ဖတ်တိုင်း မျက်ဝန်းမှာ မိုးတွေညိုတယ်
မိုးရေစိုစိုနဲ့ ထိုင်ခဲ့ဖူးတဲ့
ကမ်းနဖူးပေါ်က အလင်းတိုင်ထိုင်ခုံလေးရယ်
လွမ်းမိတိုင်း သတိရတယ်
အဲဒီမှာ…မှာတမ်းတွေ ချွေခဲ့ဖူးတယ်လေ…
နင် ထွက်သွားရာ ရက်ကတည်းက
ငါ့တစ်နေ့တာရစ်သမ် ယွင်းပျက်ခဲ့တယ်
မနက်မနက်ဆို အသံစာစာနဲ့
လင်းတတ်တဲ့ လမင်းငယ်
မမြင်ရတာ ကြာလှပေါ့…
နေညိုရင်လည်း အရင်လို
ငါ…ကော်ဖီမသောက်တော့
အလွမ်းတွေကို ပလိန်းကြီးမော့သောက်
စိတ်တွေတောင် ခါးတောက်ကုန်ပေါ့…
ခုလည်း…အတွေးထဲ နင်စိုးနေလို့
အိပ်ရာပေါ်မှာလူးလိမ့်
လွမ်းစိတ်လေး ဖြေသိမ့်တုန်း
ခြင်ထောင်အမိုးကကြိုးစလေး
ငါ့ပါးပေါ် ဖြာအကျမှာ နင့်ဆံပင်အမှတ်နဲ့
ယောင်နမ်းမိသေးတယ်…ကောင်မလေးရယ်…
နင်ဆို…ဟိုးးးးးးးး အဝေးမှာ
တိုးတိုးလေး ငိုနေမလား……
တိတ်တိတ်လေး ရှိုက်နေမလား……
ငါ့ရင်လွမ်းကြိုးရှိုက်သံတွေကြားရင်သာ
နင် မြန်မြန်လေးပြန်ခဲ့ပါ
ငါ…ရင်ဖွင့်လို့ ပြုံးပြုံးလေး ကြိုနေမယ်နော်……။
♥ မိုးဇက်ဒီမွန်း ♥
Sunday, July 1, 2012
“အတောင်ကြွေငှက်”
“အတောင်ကြွေငှက်”
…. …. ….
အတောင်ဖွင့်စဘဝ
ဂျစ်ပစီတို့ရဲ့
လမ်းမမှာ
တေလေတို့ရဲ့
ကျင့်ဝတ်နဲ့
နှောင်ကြိုးမဲ့တိမ်လို
မျှောလွင့်
ငါဟာ
ဂျစ်ပစီငှက်တစ်ကောင် ဖြစ်တယ်
ကာလာစုံ
ထိန်ဝင်းတဲ့ကောင်းကင်မှာ
အတိုင်းအဆမဲ့
လွင့်ခဲ့တုန်းက
အိပ်မက်လေးတော့
လှသား
မာယာများတဲ့
လောကမှာ
ချိုးမြမြအပြုံးတွေနဲ့
လက်ဆွဲနှုတ်ဆက်
အဲဒီမှာမှ….ငါ
အဆိပ်သင့်သွားတာ
မျက်နှာဖုံးတစ်ဖက်
အဆိပ်တစ်ခွက်နဲ့
ဝံပုလွေတစ်ကောင်
ငါ့နောက်ကျောကို
ဓါးနဲ့ထိုးလို့
ငါ့အိပ်မက်တွေ
တဖြုတ်ဖြုတ် ကြွေကျ
ဘ၀ပါ
မြေခသွားတယ်…
အတောင်တွေ
နာနေပြီ
တိမ်ခြေရာမထင်တဲ့
ကောင်းကင်မှာ
ငါ့သမိုင်းကို
ထုဆစ်ဖို့
အိပ်မက်နဲ့ချုပ်ထားတဲ့
အတောင်တွေ နာနေပြီ….
ငါ့
အတောင်တွေ နာနေပြီ
ငါ့
အတောင်တွေ နာနေပြီ….
ငါ့
အတောင်တွေ နာနေပြီ…
ငါ့ အတောင်တွေ နာနေပြီ…
ငါ့ အတောင်တွေ နာနေပြီ………
…………… …………… ……………
အညတရကဗျာတစ်ပုဒ်ရဲ့
နေ၀င်ချိန်
တေလေငှက်တစ်ကောင်
သင့်ရင်ခွင်မှာ
ကျောခင်းဖို့လာပြီ
ကမ္ဘာမြေကြီးရေ…..ရင်ဖွင့်လို့ကြိုပါတော့……။ ။
♥
မိုးဇက်ဒီမွန်း ♥
Monday, June 25, 2012
ရင်ကွဲဇာတ်ကဗျာ ၁ , ၂ , ၃…….
ကျောင်းတော်ရဲ့ စံပယ်ရုံမှာအဖြူအစိမ်းတွေဝတ်စဉ်အခါကချစ်ခြင်းရဲ့နက္ခတ်တွေရင်လုံးပြည့် လင်းမြခဲ့ဖူးစံပယ်ရနံ့တသင်းသင်းနဲ့ကြက်ဆံမြီးတစ်ပင်ရဲ့ ရစ်ပတ်မှုမှာရင်တစ်ခုလုံး ကွဲခဲ့ဖူးတယ်….… … … … … …ကျောင်းတော်ရဲ့ ကံ့ကော်ရုံမှာဂျင်းပင်တွေဝတ်စဉ်အခါကချစ်ခြင်းရဲ့ နက္ခတ်တွေရင်လုံးပြည့် လင်းမြခဲ့ဖူးရှန်ပူရနံ့တသင်းသင်းနဲ့ချွန်မြမြဂုတ်ဝဲလေးရဲ့ ထိုးစိုက်မှုမှာရင်တစ်ခုလုံး ကွဲခဲ့ဖူးတယ်….… … … … … …လောကရဲ့ ဇာတ်ခုံပေါ်မှာဘ၀၀တ်ရုံ စခြုံစဉ်အခါချစ်ခြင်းရဲ့ နက္ခတ်တွေရင်လုံးပြည့် လင်းမြပြန်ပြီလောကဓံရနံ့တသင်းသင်းနဲ့အဖြူရောင်စည်းလေးရဲ့ ခြားနားမှုမှာရင်တစ်ခုလုံး ကွဲရဦးမယ်….… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
“မိုးရာသီလမ်းမှာ တစ်ခန်းလုံးပက်ကြားအက်တဲ့ ရင်”
မနက်ခင်းပျိုရဲ့
စိမ်းနုရောင်မျက်နှာပြင်ပေါ်
ရွှေအိုရောင်အလင်းတွေ သင်းဝေဖြာကျ
ရွက်နုတွေခါချတဲ့ စည်းချက်ကျမိုးစက်မှာ
မိုးငှက်က တေးသလို့…
အို…မနက်ခင်းပျိုရေ…
စိမ်းနုရောင်ရွက်သစ်နဲ့ မိုးစက်တွေ
ဟောဒီကောင် ရင်ပေါ် ခါချပေးပါ
ငါ့ရင် ဘယ်ဘက်ရပ်ဝန်းမှာ မိုးခေါင်ရေရှား
ရာသီတွေ ပက်ကြားအက်ကုန်လို့…
… … … …
ကဝေပျိုရေ…
ဘယ်အငြိုးနဲ့များ ငါ့ကို ပြာကျစေခဲ့တာလဲ
ရွက်ကြွေလို မြေခရုံနဲ့မကျေ
နေငှက်ရဲ့ အတောင်ခတ်ရာမှာ
မီးတောက်တွေတောင် ရဲခနဲ
ပက်ကျဲခဲ့သေးတယ်
ဟုန်းခနဲ လောင်ကျွမ်းသွားတဲ့ ငါ့ဘ၀က
အညတရပန်းချီဆရာရဲ့
ခပ်ညံ့ညံ့ စုတ်ချက်လောင်တောင် မလှပတော့…
… … … …
ကဝေပျိုရေ…
နင်စေခဲ့တဲ့ နေရာမှာ ငါနေလို့
နင်ခြေခဲ့တဲ့ ဝေဒနာနဲ့ ငါ့ရင်ထဲ
အပူတွေအုံကြွနေဆဲ… …
ဟိုး……အပြင်မှာတော့
မိုးငွေ့တွေ မြိုင်ထလို့
သက်တံ့တွေ ခုန်ကနေလေရဲ့… …။
♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
Wednesday, June 13, 2012
ဝင်္ကပါလမ်းမှာ ကျပျောက်သွားတဲ့ “အချစ်”
အချစ်ဆိုတဲ့ စာမျက်နှာဘ၀သင်ရိုးမှာ ထပ်တိုးမယ်ကြံတိုင်းရေစိုစုတ်ပြဲလိုက်လောင်ကျွမ်းပြာကျလိုက်နဲ့ခုထိ ၀င်ခွင့်မရသေးကိုးရီးယားကားလိုလှလှပပ အလွဲနဲ့ခဏခဏ ကြယ်သီးပေါက်မှားနေခဲ့တာ ကြာပေါ့…..မုန်တိုင်းထန်ခဲ့တဲ့အတိတ်ရဲ့သက္ကရာဇ်ရိုင်းတွေကခုထိအုံ့မှိုင်းတုန်းရောင်နီများ ရစ်သိုင်းလေမလားလို့မျှော်လင့်ချက် ရိပ်ရိပ်လေးပိုက်အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့နေ၀င်မိုးချုပ်လျှောက်မိသေးတယ်ဒဏ်ရာတွေသာစိုက်ပြီးမျက်ရည်လေးဝိုင်း.....ပြန်ခဲ့ရတာရင်ဘတ်ဟောင်းလောင်းနဲ့....အချစ်က မီးပြင်းပြင်းလေး တိုက်စားခဲ့လို့ဆိုနေကျတေးနဲ့ ရေးနေကျကဗျာတွေတောင်ပေါက်ကွဲဖူးယောင်ကုန်ပေါ့....ဒဏ္ဍာရီမဆန်တဲ့ ပုံပြင်တစ်ပုဒ်ကိုအချစ်သင်ရိုးလို့ အညွှန်းထိုးမလားဒါဆို အမုန်းတစ်မျက်နှာနဲ့အလွမ်းတစ်ရွက်ပါနောက်ထပ်တိုးရဦးမှာနော(ဒီနေ့အထိ) စိုထိုင်းခဲ့တဲ့နေ့တွေအတွက်ညှို့ညှို့မှိုင်းမှိုင်းရွာခဲ့တဲ့ မိုးတွေကိုဘယ်တန်ခိုးနဲ့ ရပ်ခိုင်းမလဲသံသရာအ၀န်းအ၀ိုင်းထဲအမိုးမလုံတဲ့ ဘ၀ကိုပဲ အပြစ်ပုံချရမလားသေချာတာကတော့ချစ်ခြင်းရဲ့ ၀င်္ကပါလမ်းမှာရင်တစ်ဖက်ကန်း ကျွန်တော်ကတော့မြေပုံအညွှန်းပျောက်နေဦးမှာပဲ......။ ။♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
Subscribe to:
Posts (Atom)




