Wednesday, December 26, 2012
“ပြောင်းပြန် အချိုးချခြင်း”
တစ်ခါတစ်လေ
ဘ၀က ဘယ်လိုလှမ်းရမယ်မသိ
ကမ်းမမြင် လမ်းမမြင်နဲ့
ကောင်းကင်မှာဆို
လမ်းပြကြယ်တစ်စင်းတောင် မလင်းဘူး…
သက်ရောက်မှုရဲ့ နိယာမ
တန်ပြန်သက်ရောက်မှုက
အားပြင်းလွန်းတယ်….
ရိုးသားမှုနဲ့ ချုပ်တဲ့အင်္ကျီရယ်
စံပယ်လိုကျင့်တဲ့စိတ်နဲ့
ငါ့..တစ်ဘ၀လုံး လင်းစင်ပြခဲ့တာပဲ
ခြွေမိခဲ့တဲ့ မျက်ရည်တစ်စက်တည်းနဲ့
ငါ့ဘ၀ ဘာလို့ အကြိမ်ကြိမ်
မုန်တိုင်းထန်နေရတာလဲ….
အရှုံးတော့ မပေးချင်ပါဘူး……
အ၀ကျဉ်းပုလင်းတစ်လုံးထဲက
ဝါရွှေရွှေအရည်တွေနဲ့
ရနံ့သင်းသင်း နှစ်ပါးသွားကို
မရဏတေးသွားမြမြနဲ့ (တစ်ခါတစ်လေ)
ကခုန်ကြည့်ဦးမယ်….
ဓါးသွားပေါ်က ခြေလှမ်းတွေ
စိုလက်ချိုမြနေတဲ့ နှုတ်ခမ်း
အဆိပ်သင့်အနမ်းတွေနဲ့
အခမ်းအနားဆုံးရေးဆွဲထားတဲ့
ဂျစ်ပစီလမ်းတွေကို (တစ်ခါတစ်လေ)
လျှောက်လှမ်းကြည့်ဦးမယ်……
…… ……. ………..
တန်ပြန်သက်ရောက်မှုက
လေညှင်းဆန်လေမလား……ဆိုတာ………။
♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
Wednesday, November 28, 2012
ကြယ်ကြွေတမ်းချင်း
ငယ်ဘ၀ ခလေးအိပ်မက်တွေတုန်းက
ကြယ်ကြွေတွေ ဇယ်တောက်တမ်း ကစားချင်လို့
ကြယ်ကြွေရင် လက်ခုပ်လေးဖွင့်
အပြေးအလွှား ခံယူခဲ့ဖူးတယ်
မြေမကျခင် လင်းရိပ်လေးပျောက်ရှလို့
ရင်ကြွေအောင် ရှိုက်ရှိုက်သည်းသည်း ငါ..ငိုခဲ့ဖူးတယ်.....
အချိန်ပန်းပုရဲ့ ထုဆစ်မှုမှာ
ငါ့စိတ်တွေ အရောင်ပြောင်းလို့
အိပ်မက်တွေဟောင်းခဲ့လည်း
ကြယ်ကြွေတမ်းချင်းက
နရီအသစ်နဲ့ ရှင်သန်နေတုန်းပဲ....
ကြယ်ကြွေမစောင့်တော့ပါဘူး
ကြယ်ခြွေပြီးကောက်တော့မယ်
လက်ခုပ်ဖွင့်မထားတော့ပါဘူး
ရင်ဘတ်ကြီးဖွင့်ထားတယ်
ငါ့ရဲ့....သောကြာသူလေးရေ
သုံးရာသီနွေးထွေးမှုနဲ့
ဟောဒီကောင် ရင်နန်းဆီ
စိတ်ချယုံ ကြွေကျလှည့်ပါတော့
မင်းအချစ်တွေ......
♥ မိုးဇက်ဒီမွန်း ♥
အိပ်မက်တွေဟောင်းခဲ့လည်း
ကြယ်ကြွေတမ်းချင်းက
နရီအသစ်နဲ့ ရှင်သန်နေတုန်းပဲ....
ကြယ်ကြွေမစောင့်တော့ပါဘူး
ကြယ်ခြွေပြီးကောက်တော့မယ်
လက်ခုပ်ဖွင့်မထားတော့ပါဘူး
ရင်ဘတ်ကြီးဖွင့်ထားတယ်
ငါ့ရဲ့....သောကြာသူလေးရေ
သုံးရာသီနွေးထွေးမှုနဲ့
ဟောဒီကောင် ရင်နန်းဆီ
စိတ်ချယုံ ကြွေကျလှည့်ပါတော့
မင်းအချစ်တွေ......
♥ မိုးဇက်ဒီမွန်း ♥
Tuesday, October 23, 2012
“အရိပ်ကြိုး”
ဟာ....ဘာလဲ....
အတိတ်က အတိတ်လို
အတိတ်မှာပဲ တိတ်တိတ်လေးနေပါ
အရိပ်လိုတကောက်ကောက်
ငါ့နောက် လျှောက်လိုက်မနေပါနဲ့
အမုန်းတွေကို မြေမြှုပ်ခဲ့ပြီးမှ
ဘာလို့အလွမ်းတွေ တိမ်ထူနေရတာလဲ
ရွာရင်လည်း ရွာလိုက်ပေါ့
မိုးနဲ့အတူ ငိုလို့ရတာပဲ
တစ်သက်လုံး ခေါင်းငုံ့ခဲ့ရတာ
တစ်ခါလောက်တော့
ခေါင်းလေးမော့(ငို)လိုက်ချင်သေးတယ်
စိတ်ရှိတိုင်း လွမ်းရမယ်ဆို
ငါ့မျက်နှာပေါ်က အပြုံးကို
ငါ တော်တော်လွမ်းနေတာ
မမြင်ရတာ ကြာလွန်းလို့....
အတိတ်က အတိတ်လို
အတိတ်မှာပဲ တိတ်တိတ်လေးနေပါ
အရိပ်လိုတကောက်ကောက်
ငါ့နောက် လျှောက်လိုက်မနေပါနဲ့
အမုန်းတွေကို မြေမြှုပ်ခဲ့ပြီးမှ
ဘာလို့အလွမ်းတွေ တိမ်ထူနေရတာလဲ
ရွာရင်လည်း ရွာလိုက်ပေါ့
မိုးနဲ့အတူ ငိုလို့ရတာပဲ
တစ်သက်လုံး ခေါင်းငုံ့ခဲ့ရတာ
တစ်ခါလောက်တော့
ခေါင်းလေးမော့(ငို)လိုက်ချင်သေးတယ်
စိတ်ရှိတိုင်း လွမ်းရမယ်ဆို
ငါ့မျက်နှာပေါ်က အပြုံးကို
ငါ တော်တော်လွမ်းနေတာ
မမြင်ရတာ ကြာလွန်းလို့....
ကဲ...ကဲ....
အတိတ်နဲ့ချုပ်ထားတဲ့
ငါ့အတောင်တွေ ချုပ်ရိုးဖြည်ပေးပါ
ဟိုးးးးးး မှာ တွေ့လား
လွတ်လပ်ခြင်းရဲ့ကောင်းကင်
အဲဒီကို...စိတ်ရှိလက်ရှိ လွင့်ထုတ်မလို့...
အတိတ်နဲ့ချုပ်ထားတဲ့
ငါ့အတောင်တွေ ချုပ်ရိုးဖြည်ပေးပါ
ဟိုးးးးးး မှာ တွေ့လား
လွတ်လပ်ခြင်းရဲ့ကောင်းကင်
အဲဒီကို...စိတ်ရှိလက်ရှိ လွင့်ထုတ်မလို့...
♥ မိုးဇက်ဒီမွန်း ♥
အိမ်လွဲ မိုး
အပြင်မှာ.....
တိမ်တွေ ကမ္ဘာပြိုအောင်ငိုနေတယ်
ငါ့ရင်မှာ
ဒဏ်ရာတွေ ပက်ကြားအက်နေတုန်းပဲ....
နွေတစ်ခင်းလုံး ပစ်သွင်းခံရတဲ့
ရင်ဘတ်ကြီး ခြောက်သွေ့အက်ကွဲနေတုန်းပဲ....
မိုးနှောင်းတိမ်တစ်အုပ်ရယ်
ရွာရန် ၉၀ရာနှုန်းနဲ့
ဟောဒီကောင် ရင်ဆီတည့်တည့်
သွန်ချလိုက်စမ်းပါ......
တိမ်တွေ ကမ္ဘာပြိုအောင်ငိုနေတယ်
ငါ့ရင်မှာ
ဒဏ်ရာတွေ ပက်ကြားအက်နေတုန်းပဲ....
နွေတစ်ခင်းလုံး ပစ်သွင်းခံရတဲ့
ရင်ဘတ်ကြီး ခြောက်သွေ့အက်ကွဲနေတုန်းပဲ....
မိုးနှောင်းတိမ်တစ်အုပ်ရယ်
ရွာရန် ၉၀ရာနှုန်းနဲ့
ဟောဒီကောင် ရင်ဆီတည့်တည့်
သွန်ချလိုက်စမ်းပါ......
အာ.......
ဟောဒီကောင် ရင်ဆီတည့်တည့်ရွာပါဆို
ဘာလို့ မျက်ဝန်းကမ်းပါးမှာ
မိုးရိပ်တွေ ငြို့စေတာလဲ....
စိုးရိမ်ရေမှတ်ရဲ့
အနားသတ် နှုတ်ခမ်းသားမှာ
ငါ့အသက်ရှူသံတွေ
သဲ့သဲ့လေး ရှိုက်သံပါနေရပြန်ပြီ....တစ်ခါ.............
ဟောဒီကောင် ရင်ဆီတည့်တည့်ရွာပါဆို
ဘာလို့ မျက်ဝန်းကမ်းပါးမှာ
မိုးရိပ်တွေ ငြို့စေတာလဲ....
စိုးရိမ်ရေမှတ်ရဲ့
အနားသတ် နှုတ်ခမ်းသားမှာ
ငါ့အသက်ရှူသံတွေ
သဲ့သဲ့လေး ရှိုက်သံပါနေရပြန်ပြီ....တစ်ခါ.............
♥ မိုးဇက်ဒီမွန်း ♥
“လွမ်းစရာမကောင်းတဲ့ အလွမ်းကဗျာ”
ကဗျာမရေးတာကြာပြီ…..
ကဗျာတစ်ပုဒ်လောက်ရေးဖို့
ချောင်ကျကျစားပွဲမှာ စက္ကူငယ်ခင်းလို့
ရင်ခွင်ကို စုံကိုင်ညှစ်ချလိုက်တယ်
မှင်သွားမှာ တဖောက်ဖောက်ကျလာလိုက်တာ
အလွမ်းတွေ…အနွမ်းတွေ…အဆွေးတွေ
အရှုံးတွေ….အမုန်းတွေ…..နှုံးချိနေတာချည်းပဲ….
တောက်…..အပြုံးတွေ ဘယ်ရောက်ကုန်ပြီလဲ…
ငါ့ဘ၀မှာ ပျော်စရာဆိုတာ
မြန်မာပြည်က အကြွေလိုပဲ
ရှားလိုက်တာကွာ…..
ကဲ….တွေးစမ်း….
ပျော်ခဲ့ဖူးတာတွေ ရီခဲ့ဖူးတာတွေ….
ဟော…ပေါ်လာပြီ….ရေး…….
ဟမ်….ပြန်ပျောက်သွားပြန်ပြီ….
ဟူး…..မြန်မာပြည်က ကွန်နက်ရှင်လိုပါပဲလား….
ပျော်စရာရယ်….ဘယ်တော့များမှ
ဖမ်းမိပါ့မလဲ….
နောက်ဆုံးတော့လည်း
နတ်ဆိုးရဲ့ထုံးစံအတိုင်း
လွမ်းရိပ်လေးရစ်သိုင်းပြီးတော့ပဲ
အဆုံးသတ်ရဦးမှာပေါ့………..။
ကဗျာတစ်ပုဒ်လောက်ရေးဖို့
ချောင်ကျကျစားပွဲမှာ စက္ကူငယ်ခင်းလို့
ရင်ခွင်ကို စုံကိုင်ညှစ်ချလိုက်တယ်
မှင်သွားမှာ တဖောက်ဖောက်ကျလာလိုက်တာ
အလွမ်းတွေ…အနွမ်းတွေ…အဆွေးတွေ
အရှုံးတွေ….အမုန်းတွေ…..နှုံးချိနေတာချည်းပဲ….
တောက်…..အပြုံးတွေ ဘယ်ရောက်ကုန်ပြီလဲ…
ငါ့ဘ၀မှာ ပျော်စရာဆိုတာ
မြန်မာပြည်က အကြွေလိုပဲ
ရှားလိုက်တာကွာ…..
ကဲ….တွေးစမ်း….
ပျော်ခဲ့ဖူးတာတွေ ရီခဲ့ဖူးတာတွေ….
ဟော…ပေါ်လာပြီ….ရေး…….
ဟမ်….ပြန်ပျောက်သွားပြန်ပြီ….
ဟူး…..မြန်မာပြည်က ကွန်နက်ရှင်လိုပါပဲလား….
ပျော်စရာရယ်….ဘယ်တော့များမှ
ဖမ်းမိပါ့မလဲ….
နောက်ဆုံးတော့လည်း
နတ်ဆိုးရဲ့ထုံးစံအတိုင်း
လွမ်းရိပ်လေးရစ်သိုင်းပြီးတော့ပဲ
အဆုံးသတ်ရဦးမှာပေါ့………..။
♥ မိုးဇက်ဒီမွန်း ♥
ရွှေဝါရောင်နှင်းဆီ
ဟေ့....သိင်္ဂီ
ငါ့ရှေ့မှာ စံပယ်ယောင်ဆောင်မနေပါနဲ့တော့
နင့်အပြုံးမှာ နှင်းဆီနံ့တွေ
စူးပွင့်နေတာကြာပြီ
ဒီမှာတွေ့လား....
ဆူးခက်ကြောင့် သွေးထွက်နေတဲ့
ဒဏ်ချက်တွေ ရင်တစ်ခုလုံးလွှမ်းလို့....
နင်ပဲ
ချစ်တတ်လွမ်းတတ်အောင် သင်ခဲ့တာ
ခု...နင်ကပဲ
မုန်းတတ်ဆွေးတတ်အောင် သင်ပြန်ပြီ....
ငါ့ရှေ့မှာ စံပယ်ယောင်ဆောင်မနေပါနဲ့တော့
နင့်အပြုံးမှာ နှင်းဆီနံ့တွေ
စူးပွင့်နေတာကြာပြီ
ဒီမှာတွေ့လား....
ဆူးခက်ကြောင့် သွေးထွက်နေတဲ့
ဒဏ်ချက်တွေ ရင်တစ်ခုလုံးလွှမ်းလို့....
နင်ပဲ
ချစ်တတ်လွမ်းတတ်အောင် သင်ခဲ့တာ
ခု...နင်ကပဲ
မုန်းတတ်ဆွေးတတ်အောင် သင်ပြန်ပြီ....
သိင်္ဂီ....ငါ...ငိုတတ်ပြီ သိင်္ဂီ
အဆိပ်တက်နေတဲ့ စိတ်နဲ့
ရွှေဝါရောင်နှင်းဆီကို
ချစ်လို့...မုန်းလို့....နာလို့
ငါ...ငိုတတ်ပြီ သိင်္ဂီ.....
အဆိပ်တက်နေတဲ့ စိတ်နဲ့
ရွှေဝါရောင်နှင်းဆီကို
ချစ်လို့...မုန်းလို့....နာလို့
ငါ...ငိုတတ်ပြီ သိင်္ဂီ.....
♥မိုးဇက်ဒီမွန်း♥
Friday, September 7, 2012
စိမ်းရောင်ခြယ်လမ်းမှာပွင့်မဲ့ ပန်းနုရောင်အနမ်း
ငါ့အတွက်ဆို အမုန်းတွေ
တယုတယပျိုးထောင်ထားတဲ့
အစိမ်းရင့်ရောင်နတ်သမီးလေး
ဟောဒီကောင်ရှေ့ရောက်ရင်
နင့်မျက်ဝန်းတွေမှာတောင်
စိမ်းငွေ့တဝေေ၀နဲ့…
ငါ့ဘက်က မြတ်နိုးခြင်းတရား
လက်ကိုင်ထားပေမယ့်
ရောင်ပြန်ဟပ်တဲ့ အမုန်းက
ဓါးတစ်စင်းလို တတိတိခုတ်ထစ်လို့
ငါထုဆစ်ချင်တဲ့ ချစ်ခြင်းနဲ့ဘဝ
တစစ မျှော်လင့်ခြင်းပါးလျလာပြီ…
ငါတို့ဆုံတွေ့ခြင်းက
နင့်အတွက် ခလုတ်တိုက်မိယုံတဲ့လား
ငါ့အတွက်တော့ ရင်တစ်ခြမ်းလုံးပဲ့သွားရတာပါ…
နင် ရွာချခဲ့တာက အမုန်းတွေပါပဲ
ငါ့ရင်မှာက သုံးရာသီအလွမ်းတွေ
ပန်းလို ပွင့်ခဲ့တာပါ
စိမ်းသူရေ…
နင့်ဖက်က ကောင်းကင်ဆန်မှတော့
ငါလည်း မြေကြီးလိုကျင့်ကြံရမှာပေါ့
မုန်းခြင်းရဲ့အဆုံးက ချစ်ခြင်းဆီရောက်ဖို့
ငါ့ရင်ငွေ့နဲ့ဖွဲ့တဲ့ တိမ်တိုက်တွေ
မျှော်လင့်ခြင်းအသစ်တွေစီးလို့
ဟိုးမှာ…လွှင့်လာနေပြီ
စိမ်းရောင်ခြယ်လမ်းမှာ
ပန်းနုရောင်အနမ်းတွေ
အခမ်းအနားဆုံး ပွင့်စေဖို့ပေါ့……။ ။
♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
Saturday, September 1, 2012
သက်တံ့ရောင် အိပ်မက်စိုက်ခင်း
ငါ့ရဲ့*နမ်မီးဆစ်လေးဝံပုလွေတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့နံရံတွေကိုကုတ်ခြစ်သွေးစိမ်းရှင်ရှင်ထွက်မှငါ့ရင်ခွင်မှန်းသိသတဲ့လားဘယ်ဘ၀ ဘယ်အငြိုးနဲ့များရင်ကိုခွဲအသဲကိုခြစ်ငါ့အလွမ်းတွေ အရောင်ရင့်စေတာလဲနင့်မျက်နှာအရောင်လှဖို့ငါ့ချွေးတွေမြေကျခဲ့တာပဲဘာလို့အမုန်းတွေမိုးလိုရွာချရတာလဲနင့်အနားမှာခစားဖို့ရန်သက်သက်မာနတွေအရည်ဖျော်ပစ်ထားတာဒါကိုသွန်ချပစ်လိုက်တယ်ငါ့ရဲ့ သိက္ခာကနင့်ရဲ့ ညစာဟင်းရံတစ်ခွက်လားအိန်ဂျယ်တို့ရဲ့ အတင်းဝိုင်းမှာဟားတိုက်စရာအပေါစားပြက်လုံးတစ်ခုလားနင်ပြုံးရင် ငါပျော်ပါတယ် နတ်သမီးလေးဒဏ်ရာကဒဏ်ရာဆန်ဆန်မနာတတ်လွန်းလို့ဘယ်ဘက်ရင်ကျွန်းမှာအိပ်မက်တွေစိုက်ပျိုးတုန်းပါပဲချစ်ခြင်းဖွဲ့သက်တံ့တွေအရောင်တောက်မယ်အထင်နဲ့ပေါ့……။♥မိုးဇက်ဒီမွန်း ♥*နမ်မီးဆစ် = ကလဲ့စားချေတတ်သောနတ်သမီး
Labels:
ကဗျာ
Sunday, August 12, 2012
သူရဲကောင်းသစ်ပင်
အလျှံတဝေေ၀နဲ့ နွေကန္တာလယ်ကြီးမှာ
ဝါဖန့်ဖန့် မြက်ရိုင်းတောထဲ
တွင်းတူးပြီး ဘ၀ကို မြှုပ်နှံလိုက်တယ်....
နွေ....နွေ....ခေါင်နိုင်လွန်းရဲ့
ခေါင်နိုင်တုန်းပူထားဦးပေါ့....
ဟိုမှာ....နွေနှောင်းတိမ်တစ်အုပ်
ရင်ဘတ်ထဲထုပ်သိမ်းလာတဲ့
မိုးဦးကို ငါ့ဆီသွန်ချတယ်
မိုးမှုန်တွေ ဖွဲခနဲလွင့်ဝဲဖြာကျ
မုတ်သုံရဲ့ စည်းချက်မဲ့တေးသွားမှာ
အအေးဓါတ်ကအသွေးထဲထိစိမ့်တယ်....
ရွာ....ရွာထားဦးပေါ့....(ဆရာတွေပြောသလို)
မုန်တိုင်းမှာလည်းအောက်ဆီဂျင်ပါပါတယ်....
ဟော.....ကြည့်စမ်း...
ငါ့နံဘေးက မြက်ရိုင်းတွေ
သလ္လာဖြူရောင် အစက်တွေနဲ့
ခိုက်ခိုက်တုန်နေပါပကောလား....
ဖြူရော်ညို့မှိုင်းမှိုင်းနဲ့ အငွေ့ရိုင်းတွေ
ဝန်းကျင်တစ်ခိုမှာ ပိန်းပိတ်အောင်ပြိုလို့
ဒါ....ဆောင်းတဲ့လား....
အေးပါ....အေးပါ....အရိုးကွဲအောင် အေးပါ
ရင်ကိုခွဲ....သင်တို့မျက်ရည် နှင်းကို
ငါသောက်သုံးပစ်မယ်....
... .... ..... ...... ....... ........ .........
ငုံ့ကြည့်တော့ ကောင်းကင်ကြီး
ဆယ်စုနှစ်ကိုတစ်ရက်စွန်းခဲ့ပြီ
သင်ပေးတဲ့ ကောင်းမွေ ဆိုးမွေတွေနဲ့
ငါ့လက်တွေ ဆန့်တန်းနိုင်ခဲ့ပြီ
ငါ့မိခင်မြေကြီးကို ငါ့ကျောနဲ့ကာမိုးနိုင်ပြီ
သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ မြက်ရိုင်းတွေ
ငါ့ခြေရင်းမှာ ၀ပ်စင်းနေတာလည်း ကြာပြီ
အရိပ်ခိုသူတွေ....မိုးခိုသူတွေ....
ဆောင်းခိုငှက်တွေနဲ့
ငါ့ရင်ခွင်မှာသိုက်မြိုက်လို့....
ပူလိုက်စမ်းပါ....နွေ
ရွာလိုက်စမ်းပါ....မိုး
အေးလိုက်စမ်းပါ....ဆောင်း
ပီတိတွေကာမိုးထားတဲ့ ရင်နဲ့
ပြုံးပြုံးကြီးဆီးခံလိုက်ဦးမယ်
ငါ့....အသက်တစ်ဆုံး.................။
♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
Saturday, August 4, 2012
“လွမ်းကြိုးရှိုက်သံ”
ကောင်မလေး…
ငါအရမ်းလွမ်းနေတာ သိလား
ငါ့ရင်ဘတ်နားကပ် နားထောင်ကြည့်ရင်
သဲ့သဲ့လေးကြားရလိမ့်မယ်
အဲဒါ…လွမ်းကြိုးရှိုက်သံလေ
ညညဆို နင့်အတွက် ဖွဲ့နွဲ့ဖူးတဲ့ကဗျာတွေ
တစ်ခါပြန်ဖတ်တိုင်း မျက်ဝန်းမှာ မိုးတွေညိုတယ်
မိုးရေစိုစိုနဲ့ ထိုင်ခဲ့ဖူးတဲ့
ကမ်းနဖူးပေါ်က အလင်းတိုင်ထိုင်ခုံလေးရယ်
လွမ်းမိတိုင်း သတိရတယ်
အဲဒီမှာ…မှာတမ်းတွေ ချွေခဲ့ဖူးတယ်လေ…
နင် ထွက်သွားရာ ရက်ကတည်းက
ငါ့တစ်နေ့တာရစ်သမ် ယွင်းပျက်ခဲ့တယ်
မနက်မနက်ဆို အသံစာစာနဲ့
လင်းတတ်တဲ့ လမင်းငယ်
မမြင်ရတာ ကြာလှပေါ့…
နေညိုရင်လည်း အရင်လို
ငါ…ကော်ဖီမသောက်တော့
အလွမ်းတွေကို ပလိန်းကြီးမော့သောက်
စိတ်တွေတောင် ခါးတောက်ကုန်ပေါ့…
ခုလည်း…အတွေးထဲ နင်စိုးနေလို့
အိပ်ရာပေါ်မှာလူးလိမ့်
လွမ်းစိတ်လေး ဖြေသိမ့်တုန်း
ခြင်ထောင်အမိုးကကြိုးစလေး
ငါ့ပါးပေါ် ဖြာအကျမှာ နင့်ဆံပင်အမှတ်နဲ့
ယောင်နမ်းမိသေးတယ်…ကောင်မလေးရယ်…
နင်ဆို…ဟိုးးးးးးးး အဝေးမှာ
တိုးတိုးလေး ငိုနေမလား……
တိတ်တိတ်လေး ရှိုက်နေမလား……
ငါ့ရင်လွမ်းကြိုးရှိုက်သံတွေကြားရင်သာ
နင် မြန်မြန်လေးပြန်ခဲ့ပါ
ငါ…ရင်ဖွင့်လို့ ပြုံးပြုံးလေး ကြိုနေမယ်နော်……။
♥ မိုးဇက်ဒီမွန်း ♥
Sunday, July 1, 2012
“အတောင်ကြွေငှက်”
“အတောင်ကြွေငှက်”
…. …. ….
အတောင်ဖွင့်စဘဝ
ဂျစ်ပစီတို့ရဲ့
လမ်းမမှာ
တေလေတို့ရဲ့
ကျင့်ဝတ်နဲ့
နှောင်ကြိုးမဲ့တိမ်လို
မျှောလွင့်
ငါဟာ
ဂျစ်ပစီငှက်တစ်ကောင် ဖြစ်တယ်
ကာလာစုံ
ထိန်ဝင်းတဲ့ကောင်းကင်မှာ
အတိုင်းအဆမဲ့
လွင့်ခဲ့တုန်းက
အိပ်မက်လေးတော့
လှသား
မာယာများတဲ့
လောကမှာ
ချိုးမြမြအပြုံးတွေနဲ့
လက်ဆွဲနှုတ်ဆက်
အဲဒီမှာမှ….ငါ
အဆိပ်သင့်သွားတာ
မျက်နှာဖုံးတစ်ဖက်
အဆိပ်တစ်ခွက်နဲ့
ဝံပုလွေတစ်ကောင်
ငါ့နောက်ကျောကို
ဓါးနဲ့ထိုးလို့
ငါ့အိပ်မက်တွေ
တဖြုတ်ဖြုတ် ကြွေကျ
ဘ၀ပါ
မြေခသွားတယ်…
အတောင်တွေ
နာနေပြီ
တိမ်ခြေရာမထင်တဲ့
ကောင်းကင်မှာ
ငါ့သမိုင်းကို
ထုဆစ်ဖို့
အိပ်မက်နဲ့ချုပ်ထားတဲ့
အတောင်တွေ နာနေပြီ….
ငါ့
အတောင်တွေ နာနေပြီ
ငါ့
အတောင်တွေ နာနေပြီ….
ငါ့
အတောင်တွေ နာနေပြီ…
ငါ့ အတောင်တွေ နာနေပြီ…
ငါ့ အတောင်တွေ နာနေပြီ………
…………… …………… ……………
အညတရကဗျာတစ်ပုဒ်ရဲ့
နေ၀င်ချိန်
တေလေငှက်တစ်ကောင်
သင့်ရင်ခွင်မှာ
ကျောခင်းဖို့လာပြီ
ကမ္ဘာမြေကြီးရေ…..ရင်ဖွင့်လို့ကြိုပါတော့……။ ။
♥
မိုးဇက်ဒီမွန်း ♥
Monday, June 25, 2012
ရင်ကွဲဇာတ်ကဗျာ ၁ , ၂ , ၃…….
ကျောင်းတော်ရဲ့ စံပယ်ရုံမှာအဖြူအစိမ်းတွေဝတ်စဉ်အခါကချစ်ခြင်းရဲ့နက္ခတ်တွေရင်လုံးပြည့် လင်းမြခဲ့ဖူးစံပယ်ရနံ့တသင်းသင်းနဲ့ကြက်ဆံမြီးတစ်ပင်ရဲ့ ရစ်ပတ်မှုမှာရင်တစ်ခုလုံး ကွဲခဲ့ဖူးတယ်….… … … … … …ကျောင်းတော်ရဲ့ ကံ့ကော်ရုံမှာဂျင်းပင်တွေဝတ်စဉ်အခါကချစ်ခြင်းရဲ့ နက္ခတ်တွေရင်လုံးပြည့် လင်းမြခဲ့ဖူးရှန်ပူရနံ့တသင်းသင်းနဲ့ချွန်မြမြဂုတ်ဝဲလေးရဲ့ ထိုးစိုက်မှုမှာရင်တစ်ခုလုံး ကွဲခဲ့ဖူးတယ်….… … … … … …လောကရဲ့ ဇာတ်ခုံပေါ်မှာဘ၀၀တ်ရုံ စခြုံစဉ်အခါချစ်ခြင်းရဲ့ နက္ခတ်တွေရင်လုံးပြည့် လင်းမြပြန်ပြီလောကဓံရနံ့တသင်းသင်းနဲ့အဖြူရောင်စည်းလေးရဲ့ ခြားနားမှုမှာရင်တစ်ခုလုံး ကွဲရဦးမယ်….… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …… … … … … … … … … … …♥ မိုးဇက်ဒီမွန်း ♥
Labels:
ကဗျာ
Subscribe to:
Posts (Atom)