Wednesday, November 28, 2012

ကြယ်ကြွေတမ်းချင်း


ငယ်ဘ၀ ခလေးအိပ်မက်တွေတုန်းက
ကြယ်ကြွေတွေ ဇယ်တောက်တမ်း ကစားချင်လို့
ကြယ်ကြွေရင် လက်ခုပ်လေးဖွင့်
အပြေးအလွှား ခံယူခဲ့ဖူးတယ်
မြေမကျခင် လင်းရိပ်လေးပျောက်ရှလို့
ရင်ကြွေအောင် ရှိုက်ရှိုက်သည်းသည်း ငါ..ငိုခဲ့ဖူးတယ်.....

အချိန်ပန်းပုရဲ့ ထုဆစ်မှုမှာ

ငါ့စိတ်တွေ အရောင်ပြောင်းလို့
အိပ်မက်တွေဟောင်းခဲ့လည်း
ကြယ်ကြွေတမ်းချင်းက
နရီအသစ်နဲ့ ရှင်သန်နေတုန်းပဲ....

ကြယ်ကြွေမစောင့်တော့ပါဘူး
ကြယ်ခြွေပြီးကောက်တော့မယ်
လက်ခုပ်ဖွင့်မထားတော့ပါဘူး
ရင်ဘတ်ကြီးဖွင့်ထားတယ်
ငါ့ရဲ့....သောကြာသူလေးရေ
သုံးရာသီနွေးထွေးမှုနဲ့
ဟောဒီကောင် ရင်နန်းဆီ
စိတ်ချယုံ ကြွေကျလှည့်ပါတော့
မင်းအချစ်တွေ......

♥ မိုးဇက်ဒီမွန်း ♥

2 comments:

  1. အဟွတ်....ကဗျာလေးက ကောင်းထှာ ...
    ဧရာမ အချစ်တွေ ပျော်ဝင်နေလို့ထင်ပါ့...ခံစားခဲ့တယ်နော်...
    မိုးဇက်ချစ်တဲ့သောကြာသူလေးနဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေ...
    သောကြာသူလေးက မိုးဇက်ရဲ့ကဗျာလေးကို ဖတ်မိပါစေလို့....
    ခင်တဲ့....မိုးနတ်

    ReplyDelete
  2. မိုက်လှချည်လား :D

    ReplyDelete

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
သူငယ်ချင်းတို့ရဲ့ comment လေးနဲ့ ကျွန်တော့်အတွက် အားဆေးပေးခဲ့ကြပါဗျာ။